June 12, 2009

ဘိုင်အိုဂရာဖီ

ကျနော့်အကြောင်းစိတ်ဝင်စားသူမရှိလောက်ဟုထင်သော်လည်း အတိုချုပ် မိတ်ဆက်လိုသည်။ ကျနော်သည် ဂျာမဏီနိုင်ငံတွင် နေထိုင်ကြီးပြင်းသူ ချင်းအမျိုးသားတစ်ဦးဖြစ်သည်။ တောင်ပေါ်မြို့တစ်မြို့တွင်မွေးဖွားခဲ့သည်။ မွေးချင်း ၇ ဦးအနက် ဒုတိယမြောက်ဖြစ်သည်။ မြန်မာပြည်တွင် ၁၀ တန်းအထိကျောင်းနေခဲ့သည်။

ပညာအရည်အချင်းအနေဖြင့် အချက်အလက်နည်းပညာ ဖြင့်အထက်တန်းကျောင်းပြီး၍ စီးပွါးရေးဆိုင်ရာ မချက်အလက်နည်းပညာ ဖြင့် တက္ကသိုလ်တက်ရောက်ခဲ့သည်။ ယခုအခါ ဘဏ္ဍာရေးနှင့် စီးပွားရေးဆိုင်ရာ အချက်အလက်နည်းပညာဖြင့် ဥရောပဘဏ်ကြီးများကို အကြံပေးသည့်လုပ်ငန်းလုပ်ကိုင်သည်။ စိတ်ပါဝင်စားသဖြင့် အင်တာနက်စာမျက်နှာများ ဆိုင်ရာ အထွေထွေ တောက်တိုမယ်ရ နည်းပညာများလေ့လာ လိုက်စားသည်။

အတတ်ပညာအားဖြင့် ကျောင်းသားဘဝ အချိန်ပိုင်းအလုပ်များမှ ပန်းကန်ဆေး၊ ထမင်းဟင်းချက်၊ သန့်ရှင်းရေးအလုပ်များအပြင် တခြားသုံးစားမရသောပညာရပ်တော်တော်များများ မတတ်တခေါက်တတ်သည်။

ဝါသနာအရ စာဖတ်ခြင်း(ကျောင်းစာမှအပ)၊ ရုပ်ရှင်ကြည့်ခြင်း၊ ဘောလုံးကန်ခြင်း နှင့် အပေါင်းအသင်းများဖြင့် ဟေးလားဝါးလား လုပ်ခြင်းများ ခုံမြင်စွာလိုက်စားသည်။

2 comments:

အလင်းငြိမ် said...

ဘာရယ်တော့ မဟုတ်ဖူး.. တမင်မှားအောင်ရေးတာလား.. သတိမထားမိလို့ ကျန်ခဲ့တာလားဆိုတာလည်း မသိဘူး။ ဒါပေမယ့် တွေ့မိလို့...
ချင်း လူမျိုး မဟုတ်ဖူးလား (ချင် လူမျိုး ဖြစ်နေလို့)
ခုံမင်စွာ (ခုံမြင်စွာ)ဖြစ်နေလို့ ဟီးးး
ဆရာလုပ်တာ မဟုတ်ပါကြောင်း ထပ်လောင်းပြောပါရစေ။

မောင်မိုက် said...

ကျေးဇူးပဲနော် ကျနော်က ချင်လူမျိုးမဟုတ်ပါဘူး ချင်းပါ။ ဟီး ..